Monday, March 19, 2012

ပေတဒါနနှင့်ပတ်သက်၍

တပည့်တော် တစ်ခု ၀င်မေးခွင့်ပြုပါဘုရား။ ပေတဒါနဆိုပြီး သုဿာန်များမှာ အစားအစာ လှူဒါန်းတာတွေ ဖတ်ရှုရပါတယ်။ စေတနာထား လှူဒါန်းကြခြင်း ဖြစ်ပါတယ်။ ဒါတွေကို လူသားနဲ့ ရုပ်သဘာဝချင်း မတူတဲ့ ဝေမာနိကပြိတ္တာများ အမှန်စားလို့ ရမရ သိလိုပါတယ်ဘုရား။

သားစိမ်းငါးစိမ်းများလဲ ကျွေးလို့ရတယ်လို့ ကြားဖူးပါတယ်။ မိတ်ဆွေတစ်ဦးကတော့ အဲဒါမျိုးတွေ အစသွား မလုပ်သင့်ဘူး၊ မကျွေးနိုင်တဲ့အချိန်၊ မေ့လို့ မကျွေးမိတဲ့အချိန် လူကို ပြန်ရန်ရှာတတ်တယ်လို့ စကားစပ်ခိုက် ပြောပြဖူးပါတယ်။ ဒါဆို ပေတဒါနတွေက အန္တရာယ်ရှိတတ်ပါလားဘုရား။ 
--------------------------------------------------------------------
ဒကာမရေ

ပေတဒါနဆိုပြီး သုဿာန်များမှာ အစားအစာ လှူဒါန်းကြတာမျိုးတွေကိုတော့ ဦးဇင်းမဖတ်မိ၊ မကြားမိလို့ မသိပါဘူး။ ဦးဇင်းကြုံဖူးခဲ့တဲ့ ပေတဒါန ဆိုတာကတော့ အဲလိုမျိုး မဟုတ်ပါဘူး။ ဦးဇင်းတို့ မြောက်/ဒဂုံ၊ အောင်မြေရတနာကျောင်းတိုက်မှာ စာသင်သားဘဝနဲ့ နေခဲ့စဉ်တုန်းက ပေတဒါန တစ်ခု ကြုံခဲ့ဖူးတယ်။ သူတို့အခေါ်က " အကျွတ်အလွတ်ပွဲ" လို့ ခေါ်ကြတယ်။ အဲဒီကျောင်းက

Wednesday, March 7, 2012

The First My Memorable Novice-Hood

The First My Memorable Novice-Hood

Everybody gets a lot of memorable and sentimental values in this very life. As for me, the most memorable event so far is the novitiate since I was four years old. It was also the first experience and very excited to me.   I always remember it as clear as water whenever I recall my past experience.  That's why I would like to share about my first novice-hood. 

In 1984, my maternal grandparents prepared to donate the Kathina robe to the Sangha as well as they wanted their grandsons to be ordinated. As a result of nuclear family we all relatives wanted to be united and cooperated.  Owing to my grandparents have only the two daughters; my mom and her elder daughter, they would not get

Tuesday, March 6, 2012

ကဗျာဆရာ၏ စိတ္တဇ

ကဗျာလည်းအို၊ တေးလည်းငိုပြီ
ဖွဲ့သီဖို့လည်း မစွမ်းတော့။
 

သံစဉ်လည်းပျောက်၊ ကာရံနောက်ပြီ
ဆက်စီဖို့လည်း မစွမ်းတော့။
 

နွမ်းလျမောဟိုက်၊ ပင့်သက်ရှိုက်ရင်း
ညမိုက်နက်ထဲ ဆင်းခဲ့ပေါ့။ 

(တစ်ခါတစ်လေမှာ ကဗျာရေးချင်၏။ဘာကိုရေးရမှန်းမသိပဲ အကြာကြီး ထိုင်၍ငိုင်နေမိ၏။ ထို့နောက်ရေး၏။ အစပ်အဟပ်မတည့်၍ ပြန်ဖျက်၏။ ရေးလိုက်ဖျက်လိုက်နဲ့ ဘာကဗျာမှ ပီပီပြင်ပြင် ဖြစ်မလာပဲ ညနက်နက် ထဲသို့သာ ရောက်သွား၏။ ဘာကိုဆိုလိုမှန်းမသိသော ဤကဗျာသည် ထိုသဘောကို ဆိုလို၏ဟု ကဗျာဆရာ သဘောပေါက်၏။)

Friday, March 2, 2012

ရမ်းဗြဲမြို့နယ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဥက္ကဋ္ဌ၊ ဗိုလ်တောင်ကျောင်းဆရာတော် ထေရုပ္ပတ္တိ

 
                                 



ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဥက္ကဋ္ဌ
စစ်ပြား (စံပြ) ကျေးရွာ
ဗိုလ်တောင်ကျောင်းဆရာတော်
ဘဒ္ဒန္တနာရဒမဟာထေရ်မြတ်၏
ဘ၀ဖြစ်စဉ်
အရှင်ဝိသာရဒ (ရမ္မာဝတီ) ရေးသားပူဇော်သည်
 ကြာပန်းတို့မည်သည် ရေညှိ၊ ရေမှော်၊ ရွှံ.ညွှန်များကြားမှ ခက်ခက်ခဲခဲ ဖောက်ထွက်ကာ မိမိ၏အလှ မိမိ၏မွှေးရနံ့ တို့ဖြင့် လောကကို တန်ဆာဆင်ပေးကြစမြဲဖြစ်ပေ၏။ 
မှန်ကန်သောနည်းလမ်းအတိုင်း ဇွဲသတ္တိရှိရှိဖြင့် လောကဓံရိုင်းကို ကြံ့ကြံ့ခံကာ လျှောက်လှမ်းလာခဲ့ရသော ဒေသပညာရည် မြင့်မားရေးခရီးသည်ကြီးတစ်ဦး၏စံပြုစရာ ဘဝဖြစ်တော်စဉ်။
Bo Taung Saradaw                                                            

Friday, February 24, 2012

အသက်တကယ်ရှိ-မရှိ၊ ပါယာသိ၏စူးစမ်းချက်များ

မြို့စား။ ။ အရှင်ကဿပ၊ တပည့်တော်သည် အပြစ်ကျူးလွန်သော ခိုးသူယောင်္ကျားကို အိုး၌ အရှင်လတ်လတ် ထည့်စေ၍ အိုးဝကိုပိတ်ပြီးလျှင် သားရေစိုဖြင့်ကြက်၍ မြေကြီးအစိုဖြင့် ထူထူထဲထဲ လိမ်းကျံကာ ခုံလောက်ပေါ်သို့တင်၍ မီးတိုက်စေပါသည်။ မင်းချင်းတို့လည်း တပည့်တော်ဆိုတိုင်း ပြုကြပါသည်။ ထိုယောင်္ကျားသေသွားသောအခါ အိုးကို ခုံလောက်ပေါ်မှချ၊ မြေကြီးကိုခွါ၊ အိုးဝကို ဖြည်းညင်းစွာဖွင့်ပြီးလျှင် ‘ထိုခိုးသူ၏ ထွက်သွားသော အသက်ကို မြင်ချင်မြင်ရလိမ့်မည်’ ဟု ကြည့်ကြပါသည်။ သို့သော် ထိုခိုးသူ၏ ထွက်သွားသောအသက်ကို တပည့်တော်များ မမြင်ကြရပါကုန်။ အရှင်ကဿပ၊ ဒါ့ကြောင့်လည်း ‘ဤအကြောင်းကြောင့်လည်း တစ်ပါးသော ပရလောကသည်မရှိ၊ သေပြီး တစ်ဖန် ပြန်ဖြစ်သော သတ္တဝါဟူ၍မရှိ၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် မရှိ’ တပည့်တော် ယူဆပါ၏။

မထေရ်။ ။ မြို့စား၊ ဒီလိုဆို သင့်ကို ပြန်မေးမယ်၊ ကြိုက်သလိုဖြေပါ။ နေ့လည်နေ့ခင်း အပန်းဖြေအိပ်စက်တဲ့အခါ အရံ၏မွေ့လျော်ဖွယ်၊ ဥယျာဉ်၏မွေ့လျော်ဖွယ်၊ မြေ၏မွေ့လျော်ဖွယ်၊ ရေကန်၏မွေ့လျော်ဖွယ် တို့ကို အိပ်မက်မြင်မက်ဖူးပါသလား။

မြို့စား။ ။ အရှင်ကဿပ၊ မြင်မက်ဖူးပါ၏။

မထေရ်။ ။ မြို့စား၊ ထိုအိပ်မက်မက်နေတဲ့အခါ မောင်းမတွေက သင့်ကို စောင့်နေကြသလော။

မြို့စား။ ။ အရှင်ကဿပ၊ စောင့်နေကြပါ၏။

မထေရ်။ ။ မြို့စား၊ သင့်ကိုစောင့်နေကြတဲ့ မောင်းမတွေဟာ သင့်အသက် ဝင်သည် ထွက်သည်ကို မြင်ကြရပါရဲ့လား။

မြို့စား။ ။ အရှင်ကဿပ၊ မမြင်ကြရပါ။

Saturday, February 11, 2012

ငရဲနှင့်နတ်ပြည် တကယ်ရှိ-မရှိ၊ ပါယာသိ၏ စူးစမ်းချက်များ



ငရဲပြည်၊ နတ်ပြည်အကြောင်း စိတ်ဝင်စားကြသူများအနေဖြင့် ပါယာသိမြို့စားကြီးနှင့် အရှင်ကုမာရကဿပတို့ ဆွေးနွေးခန်းကို လေ့လာကြည့်သင့်ကြ၏။ ပါယာသိမြို့စားကြီးဟူသည် ပသေနဒီကောသလမင်းကြီးထံမှ  သေတဗျမြို့ကို အပိုင်စားရထားသူဖြစ်ပြီး “ပရလောကဟူသည် မရှိ၊ သေပြီးလျှင် ပြန်ဖြစ်သော သတ္တဝါဟူ၍ မရှိ၊ ကောင်းမှု-မကောင်းမှုတို့၏ အကျိုးပေးဟူသည် မရှိ” ဟု ယုံကြည်ထားသူဖြစ်၏။ အရှင်ကုမာရကဿပသည် ဆန်းကြယ်စွာဟောပြောတတ်သူ တို့တွင် အမြတ်ဆုံး အသာဆုံး (စိတ္တကထိကဧတဒဂ်) ဘွဲ့ထူးကို ရရှိတော်မူသော ရဟန္တာ မထေရ်မြတ် ဖြစ်တော်မူ၏။
-----------------------------------------------------------------
တစ်နေ့သ၌ အရှင်ကုမာရကဿပမထေရ်သည် နောက်ပါရဟန်း ငါးရာနှင့်အတူ သေတဗျမြို့သို့ ရောက်ရှိတော်မူလာ၏။ ပါယာသိမြို့စားကြီးသည် အရှင်ကုမာရကဿပ မထေရ်မြတ်အထံတော်သို့ သွားရောက်၍ နှုတ်ဆက်စကားပြောကြားပြီးလျှင် သူ့အယူဝါဒကို တင်ပြ၏။ အရှင်ကုမာရကဿပက ပြန်မေး၏၊ ပြန်ဖြေရှင်း၏။ 


Friday, February 10, 2012

Facebook မှာ ဗိုင်းရပ်စ်ထိလျှင် ဒီနည်းလေးကို စမ်းကြည့်ပါ

[အကောင့်ကို ဖျက်မိတော့မလို့ ]

အရှင်။   ။ဗိုင်းရပ်စ်တစ်ခု ဦးဇင်းနာမည်နဲ့ ပြန့်နေလို့ အကောင့်ကို ခဏပိတ်ထားပါမယ်။ ဆက်သွယ်ချင်ရင်တော့  ဦးဇင်းGmail ကို ဆက်သွယ်စေလိုပါတယ်..။ ခု ဖေးဘုတ်အကောင့်ကို ဒီဗိုင်းရပ်စ် မပျောက်မချင်း ပိတ်ထားရမလို ဖြစ်နေလို့ပါ။

ဒကာမ။  ။ :) အရှင်ဘုရား၊  ဗိုင်းရပ်စ် က ဒီအတိုင်းမပျောက်ပါဘူးဘုရား။ အရှင်ဘုရား link တစ်ခုခု နှိပ်လိုက်မိလို့ပါ။

အရှင်။  ။ ဘယ်လိုလုပ်ရင်ပျောက်မလဲ။ မဟုတ်ဘူးဗျ။ ဦးဇင်းက ကျောင်းသားလေး တစ်ယောက်စက်ထဲမှာ သူ့အကောင့်ကို Deactivate သွားလုပ်ပေးပြီး သူ့စက်ထဲမှာပဲ ကိုယ့်အကောင့်ကို ဝင်ကြည့်လိုက်တာမှာ အဲလို ဖြစ်သွားတာဗျ။